ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့သည် ပညာရေးစနစ် မြှင့်တင်ရန် ဒေါ်လာ ၈၃ သန်း စီမံကိန်းကို အင်္ဂါနေ့က စတင်ခဲ့သည်။ သင်ယူမှုစနစ် ပိုမိုကောင်းမွန်စေရန်၊ အဆင့်မြင့်ပညာရေးနှင့် ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတစ်ဝှမ်းရှိ ကျောင်းပေါင်း (၂၅၉)ကျောင်းမှ ကျောင်းသား (၁၇၅,၀၀၀) ကျော်ကို အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ထားသည်။ ဤစီမံကိန်းတွင် ၁၀တန်း မှ ၁၂ တန်းအထိ သင်ယူမှုအခက်အခဲရှိနေသူများ၊ မသန်စွမ်းသူများ နှင့်ချို့တဲ့သော ကျောင်းသား ပေါင်း (၃၅,၀၀၀) တို့လည်းအကျိုးခံစားခွင့်ရမည်ဖြစ်သည်။



