back

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလ ထုတ်ပြန်

Apr 07 • 2:32 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလ ထုတ်ပြန်

ယနေ့ ဧပြီလ ၇ ရက်နေ့ညမှ ဧပြီ ၁၁ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ က...

ယနေ့ ဧပြီလ ၇ ရက်နေ့ညမှ ဧပြီ ၁၁ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုသည်။ထို့ကြောင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှ သတိပေးထားသည်။



news-view-count-icon

13