မြန်မာနိုင်ငံရှိ မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းအပါအဝင် ငလျင်ဘေးသင့်ဒေသတွေမှာ လူတွေ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေ များပြီး လျှပ်စစ်မီးပြတ်၊ ရေမလာ၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ အခြေအနေ ဆိုးနေသလို ကူးစက်ရောဂါတွေဖြစ်ဖို့ အန္တရာယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူတွေရဲ့ ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ အလောင်းတွေကို သေသေချာချာ စီမံဆောင်ရွက်ထားနိုင်ခြင်းမရှိလို့ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖို့ အန္တရာယ်ရှိနေသလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ စီမံထားရှိနိုင်မယ့် သတင်းအချက်အလက်နဲ့ ကိရိယာပစ္စည်းတွေရရှိဖို့ အရေးကြီးတယ်လို့လည်း WHO က တိုက်တွန်းထားပါတယ်။



