back

ဝက်သက်ရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးမိဘများနှင့် အမေရိကန်ကျန်းမာရေးဝန်ကြီး တွေ့ဆုံ

Apr 07 • 2:12 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဝက်သက်ရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးမိဘများနှင့် အမေရိကန်ကျန်းမာရေးဝန်ကြီး တွေ့ဆုံ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ်ကနေဒီဂျူနီယာဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း တက္ကဆက်ပြည်နယ်မှာ ကူးစက်ရောဂါဖြစ်တဲ့ ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့တဲ့ ၈ နှစ်အရွယ် ...

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ်ကနေဒီဂျူနီယာဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း တက္ကဆက်ပြည်နယ်မှာ ကူးစက်ရောဂါဖြစ်တဲ့ ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့တဲ့ ၈ နှစ်အရွယ် မိန်းကလေးရဲ့ မိဘတွေနဲ့ ဧပြီ ၆ ရက်က တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ ကျောင်းနေအရွယ် ကလေးငယ်ဟာ ဝက်သက်နဲ့ပတ်သက်တဲ့ အဆုတ်ချို့ယွင်းမှုကြောင့် ဧပြီ ၃ ရက်က ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဧပြီ ၆ ရက် တနင်္ဂနွေနေ့အထိ ပြည်နယ် ၂၂ ခုမှာ ဝက်သက်ရောဂါ အတည်ပြုလူနာ ၆၄၂ ယောက်ရှိပြီး တက္ကဆက်ပြည်နယ်မှာ ၄၉၉ ယောက်ရှိကြောင်း သိရသည်။ အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှုရဲ့ ၉၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး မထိုးရသေးသူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးတဲ့ အခြေအနေကို မသိရသေးသူတွေ ဖြစ်ပါတယ်။


news-view-count-icon

15