ထိုင်းနိုင်ငံ၊ ဘန်ကောက် အပါအဝင် ၄၇ ခရိုင်မှာ ဧပြီလ ၇ ရက်မှ ၈ ရက်အတွင်း အပူပိုင်းမုန်တိုင်း ဝင်ပြီး မိုးထစ်ချုန်းရွာ၊ လေပြင်းတိုက်၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီမနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် အသင့်အတင့်အေးတဲ့ လေထုဟာ ထိုင်းနိုင်ငံ အထက်ပိုင်းကို ဝင်ရောက်လာမယ်၊ ထိုင်းက ပူပြင်းတဲ့ ရာသီဥတုနဲ့ ထိတွေ့ပြီး နွေရာသီမုန်တိုင်း ဖြစ်ပေါ်စေတယ်၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေပြင်းဟာလည်း ထိုင်းနိုင်ငံ အထက်ပိုင်းနဲ့ အရှေ့တောင်ဘက်မှာ အားကောင်းကောင်းနဲ့ တိုက်ခတ်လာမယ်လို ခန့်မှန်းထားပါတယ်။ ထိုင်းအလယ်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ အထူးသဖြင့် ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ အန်ထောင်း၊ ဆင်းပူးရီး၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။



