back

ထိုင်းနိုင်ငံ၊ ဘန်ကောက် အဆောက်အဦး ပြိုကျမှုမှာ အသက်ရှင်သူ မရှိနိုင်တော့ဘူးဟု ပြောကြား

Apr 07 • 1:52 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက် အဆောက်အဦး ပြိုကျမှုမှာ အသက်ရှင်သူ မရှိနိုင်တော့ဘူးဟု ပြောကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရဲ့ အစိုးရ စာရင်းစစ်ရုံး ပြိုကျမှုမှာ အသက်ရှင်သူ မရှိနိုင်တော့ဘူးလို့ ဘန်ကောက် အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ဧပြီလ ၆ ရက် တနင်္ဂန...

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရဲ့ အစိုးရ စာရင်းစစ်ရုံး ပြိုကျမှုမှာ အသက်ရှင်သူ မရှိနိုင်တော့ဘူးလို့ ဘန်ကောက် အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ဧပြီလ ၆ ရက် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ အဲဒီကြီးမားတဲ့ အဆောက်အဦးအပျက်အဆီးတွေကို ကြီးမားတဲ့ စက်ယန္တရားတွေနဲ့ ရှင်းလင်းနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ က် အဲဒီကနေ အလောင်း ၂ လောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းမှာ ကိုယ်ခန္တာ အစိတ်အပိုင်းတွေကို ရယူနိုင်ခဲ့ပါတယ်။ ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီ အထိ စာရင်းအရ အဲဒီ အဆောက်အဦး ပြိုကျမှုမှာ လူ ၁၈ ယောက် ‌သေဆုံးပြီး ၇၆ ယောက်ဟာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။



news-view-count-icon

16