back

မိုင်းနောင်ဂိတ်တွင် ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင်လာသတင်းပို့ခိုင်းသဖြင့် အခက်ကြုံ

Apr 07 • 10:51 AM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းနောင်ဂိတ်တွင် ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင်လာသတင်းပို့ခိုင်းသဖြင့် အခက်ကြုံ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့မှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချနေသည့် ပြောင်းတင်ကားများကို မိုင်းနောင်မြို့ စစ်ဆေးရေးဂိတ်က ပြောင်းလုပ်ငန်းပိုင်ရှင်မ...

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့မှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချနေသည့် ပြောင်းတင်ကားများကို မိုင်းနောင်မြို့ စစ်ဆေးရေးဂိတ်က ပြောင်းလုပ်ငန်းပိုင်ရှင်များကိုယ်တိုင် သတင်းပို့ရန် တင်းကြပ်နေသဖြင့် ပြောင်းကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်တာနက်လိုင်းများ ပြတ်တောက်သည့်အတွက် ဧပြီတစ်လလုံး ပို့ကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ပို့ကုန်ကြေညာလွှာဖြင့် တိုက်ရိုက်တင်ပို့နိုင်ကြောင်း ဖြေလျော့ပေးထားသော်လည်း မိုင်းနောင်အခြေစိုက်ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင် လာရောက်အကြောင်းကြားရန် တင်းကြပ်နေခြင်းဖြစ်ကြောင်း ပြောင်းကားယာဉ်မောင်းတစ်ဦးက ပြောသည်။ ပြောင်းကားများကို တာချီလိတ်ဘက်မှတဆင့် ထိုင်းနိုင်ငံဘက်သို့လည်ကောင်း၊ မိုင်းနောင် -ကျေးသီးမှတဆင့် မိုင်းရယ်-တန့်ယန်ကို ဖြတ်ကာ တရုတ်နိုင်ငံဘက်သို့လည်ကောင်း လမ်းကြောင်း ၂ ခုဖြင့် တင်ပို့နေခြင်းဖြစ်ပြီး တာချီလိတ်လမ်းကြောင်းတွင် မည်သည့် အတားအဆီးမျှ မရှိဘဲ ပုံမှန်သွားလာ၍ ရနေကြောင်း၊ မိုင်းနောင်လမ်းကြောင်းတွင်သာ ယခုကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် လာရောက်သတင်းပို့ခိုင်းခြင်းဖြစ်ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။


news-view-count-icon

9