မန္တလေးကျုံးအနောက်ဘက်မှာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ရွေ့လျားဆေးကုသခန်း(Mobile Clinic) ကို ဧပြီလ(၅)ရက်နေ့က ဆက်လက် ဖွင့်လှစ်ခဲ့တာပဲဖြစ်ပြီး လာရောက်ပြသူဦးရေ(၁၀၀)ဦးဝန်းကျင်ထိရှိခဲ့ပါတယ်။အသင်းအနေနဲ့ ငလျင်ဘေးဒဏ်ပြင်းထန်စွာခံစားရသည့် မန္တလေးတိုင်းဒေသကြီးအတွင်းက နေရာတွေမှာ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။



