မြန်မာနိုင်ငံ သို့ e-Tourist Visa လျှောက်ထားမှုကို ဧပြီလ ၃ ရက်နေ့ကနေ စတင်ရပ်နားကြောင်းလူဝင်မှုကြီးကြပ်ရေး ဝက်ဘ်ဆိုက် ကနေ ကြေညာထားပြီးလက်ရှိမှာတော့ Business Visa ၊ Workshop/ Seminar/ Meeting/ Research Visa, Transit Visa နဲ့ Crew Visa အမျိုးအစားများကိုသာ လက်ခံဆောင်ရွက်ပေးနေပြီး အထောက်အထားနဲ့ အာမခံ အပါအဝင် အချက်အလက်များစွာ တင်ပြရန်လိုအပ်နေတယ်လို့ သိရပါတယ်။



