ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၂ ဟာ နေပြည် တော်မှ မန္တလေးမြို့သို့ရောက်ရှိပြီးဖြစ်ကာ ယနေ့ ဧပြီ ၇ ရက်မှစတင်ကာ လုပ်ငန်းတာဝန်များစတင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကထုတ်ပြန်ပါတယ်။ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရေးပြင်ဆင်ဖို့ ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ ထိုင်းသံအမတ်ကြီးတို့က Sky Villa ရဲ့ မြေပြင်အခြေအနေကိုကွင်းဆင်းကြည့်ရှုပြီး အဖွဲ့ဝင်များက Mingalar Market, Adipadili လမ်းနဲ့ပြည်သူများ နေထိုင်ရာအနီးအနားသို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြတယ်လို့ဆိုပါတယ်။



