စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ နယ်၌ နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြက်တောင်အားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။အဆိုပါ နွေရာသီအားကစားအခြေခံသင်တန်းတွင် အားကစားနည်း(၅)မျိုးဖြစ်သည့် ဘောလုံး၊ဘောလီဘော၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ကြက်တောင်တို့ကို သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၁၅၀) ဦးတက်ရောက်ကာ သင်တန်းကာလမှာ ၂၇ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။



