လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) သည် အမေရိကန်၏ အခွန်တိုးကောက်မှုနှင့်ပတ်သက်ပြီး အဖွဲ့ဝင် ၅ နိုင်ငံဖြင့် ဆွေးနွေးခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ စင်္ကာပူနိုင်ငံ၊ မလေးရှားတို့၏ ခေါင်းဆောင်များဖြင့် ဆွေးနွေးခဲ့ကြောင်း မတ်လ ၅ ရက်က ၎င်း၏ Facebook page တွင် တင်ခဲ့သည်။



