back

မိမိတို့အသင်း လာမယ့်ရာသီပိုကောင်းမယ်လို့ အာမိုရင်နဲ့ ဂွာဒီယိုလာ ပြော

Apr 07 • 5:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

မိမိတို့အသင်း လာမယ့်ရာသီပိုကောင်းမယ်လို့ အာမိုရင်နဲ့ ဂွာဒီယိုလာ ပြော

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်နဲ့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာတို့က သူတို့ရဲ့အသင်းတွေဟာ လာမယ့်ရာသီမှာ ပိုပြီးကောင်းလာမယ်လို့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရ...

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်နဲ့ မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာတို့က သူတို့ရဲ့အသင်းတွေဟာ လာမယ့်ရာသီမှာ ပိုပြီးကောင်းလာမယ်လို့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပြောခဲ့ပါတယ်။ အာမိုရင်က “အခုအချိန်က နေ့တိုင်း ခက်ခဲနေပေမယ့် လာမယ့်ရာသီမှာ အလွန်ကွာခြား သွားလိမ့်မယ်လို့ စိတ်ကူး ကြည့်နိုင်ပါတယ်။ အပြောင်းအလဲတွေကြောင့် ဒီမှာရှိတဲ့လူတိုင်းဟာ ဒုက္ခတွေကို ခံစားခဲ့ရပြီး လာမယ့်နှစ်မှာ ကျနော်တို့ တစ်ခုခုကို ပြသရမှာပါ။ ကျနော်တို့ဟာ တိုးတက်ရမယ့် အခန်းကဏ္ဍတွေ အများကြီးရှိနေပြီး ကစား သမားတိုင်းလည်း တိုးတက်နိုင်ပါတယ်။ သူတို့ဟာ အရည်အသွေးတွေရှိပြီး အခွင့်အရေးတွေ ပိုပြီးရဖို့ ဂိုးဧရိယာထဲ မှာ အချိန်ပိုပြီးယူရမယ်”လို့ ပြောခဲ့တာပါ။ 


news-view-count-icon

17