အိန္ဒိယနှင့် ယူအေအီးတို့က သီရိလင်္ကာနိုင်ငံကို စွမ်းအင် အချက်အချာ နေရာအဖြစ် ဖန်တီးရန် သဘောတူညီခဲ့ ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် တရုတ်နှင့်အိန္ဒိယကြား ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်၌ ထိုကဲ့သို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။



