ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က အစိုးရအနေဖြင့် လတ်တလော ငလျင်ဘေးနှင့် အမေရိကန်ကုန်သွယ်ရေး မူဝါဒများ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု ထိုင်းပြည်သူများကို အာမခံပြောကြားသည်။လက်ရှိတွင် ထိုင်းနိုင်ငံသည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဘေးနှင့် ထိုင်းကုန်ပစ္စည်းများအပေါ် အပြန်အလှန် အကောက်ခွန် ၃၇ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသည့် အမေရိကန်၏ ကြေညာချက် အပါအဝင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။



