လွန်ခဲ့သည့် ၂၂ နှစ်က တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်တွင် တရုတ်နိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ခန္ဓကိုယ်ထိခိုက်နာကျင်စေရန် ပစ်ခတ်ခဲ့သည့် ရာဇဝတ်မှုကျူးလွန်ခဲ့သူကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဧပြီ ၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ အသက် ၅၂ နှစ်ရှိပြီဖြစ်သော မစ္စတာဇမ်းဟု ခေါ်သည့် တရုတ်နိုင်ငံသားသည် ၂၀၀၃ ခုနှစ်တွင် ဂွမ်ဒေါင်းပြည်နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် တိမ်းရှောင်နေထိုင်ခဲ့ကာ နောက်ပိုင်းတွင် ဘန်ကောက်သို့ ဗီယက်နမ် ပတ်စ်ပို့တ်အတုဖြင့် လာရောက်အခြေချနေထိုင်ပြီး အောင်မြင်သော မာလာရှမ်းကော စားသောက်ဆိုင်ဖွင့်လှစ်ထားကာ ဘန်ကောက်လူကုံထံများနေထိုင်ရာ ဆက်သွန်-ရတ်ချာပရတ်အရပ် ဇိမ်ခံတိုက်ခန်း၌ ချစ်သူ တရုတ်အမျိုးသမီးနှင့် အတူနေထိုင်နေရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။



