IU ဟာ ဒီနှစ် တောင်ကိုရီးယား အကယ်ဒမီလို့ခေါ်ရမယ့် Baeksang Award မှာ When Life Give You Tangerine ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆန်ကာတင်ရလိုက်ပါတယ်။ ဒါဟာ IU အတွက် လေးကြိမ်မြောက် ဆန်ကာတင်ဖြစ်ပါတယ်။ အရှေ့က သုံးကြိမ်လုံးမှာတော့ ဆုနဲ့လွဲချော်ခဲ့ပြီး ဒီတစ်ခါလေးကြိမ်မြောက်မှာတော့ အကယ်ဒမီ IU ဖြစ်လာမလား မေလ ၅ရက်နေ့မှာ သိရမှာဖြစ်ပါတယ်။When Life Gives You Tangerine ဟာ IU , Park Bo Gum , Director , Screenwriter တို့အပါအဝင် ဆန်ကာတင် ၈ခုအထိရယူထားပါတယ်။



