အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်ပေါ်နေမှုအား ရှောင်ရှားရန် ဝိုင်းဝန်းတောင်းဆိုမှုများ ရှိနေသော်လည်း ကုန်သွယ်မှုစည်းကြပ်ခွန်များ လမ်းစဉ်အတိုင်း ဆက်ရှိနေမည်ဟုဆိုသည်။ မတည်ငြိမ်မှုများကြောင့် စီးပွားရေးကျဆင်းမှုများအား မျော်လင့်ထားရန် စီးပွားရေးပညာရှင်များ ထောက်ပြပြီးနောက် ပြီးခဲ့သည့် သောကြာနေ့ကအမေရိကန်၏ အဓိက စတော့ရှယ်ယာညွှန်းကိန်းများ ၅ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။ ဂျေပီမော်ဂန် ဘဏ်လုပ်ငန်းကြီးက ထရမ့်၏ အကောက်အခွန်စည်းကြပ်မှုများကြေညာပြီးနောက် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ၆၀ ရာခိုင်နှုန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ သမ္မတထရမ့်က အခွန်စည်းကြပ်မှုများကြောင့် စီးပွားရေးမတည်မငြိမ်ဖြစ်မှုများအား တောင့်ခံထားရန် ပြောဆိုခဲ့ပြီး သမိုင်းဝင်ရလဒ်တစ်ခု ဖြစ်ပေါ်ရန် ကတိပြုကြောင်းသိရသည်။



