back

အမေရိကန်၏ မူဝါဒ မရေမရာ ဖြစ်နေလို့ ဂျာမနီသည် အမေရိကန်မှာ သိုလှောင်ထားသည့် ရွှေ တန်ချိန် ၁၂ဝဝကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်

Apr 07 • 4:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်၏ မူဝါဒ မရေမရာ ဖြစ်နေလို့ ဂျာမနီသည် အမေရိကန်မှာ သိုလှောင်ထားသည့် ရွှေ တန်ချိန် ၁၂ဝဝကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်

နှစ်ဆယ်ပေါင်းများစွာအတွင်း ဂျာမနီနိုင်ငံသည် အမေရိကန် Federal Reserve Bank မှာ ရွှေ တန်ချိန် ၁၂၀၀ သိုလှောင်ထားခဲ့ကာ လက်ရှိ စျေးနှုန်းအရ စုစုပေါင်း တန်ဖိုးသည် ယူရ...

နှစ်ဆယ်ပေါင်းများစွာအတွင်း ဂျာမနီနိုင်ငံသည် အမေရိကန် Federal Reserve Bank မှာ ရွှေ တန်ချိန် ၁၂၀၀ သိုလှောင်ထားခဲ့ကာ လက်ရှိ စျေးနှုန်းအရ စုစုပေါင်း တန်ဖိုးသည် ယူရိုငွေ ဘီလီယံ ရာချီ ရှိသည်။ ဂျာမနီ၊ ဗြိတိန် စသည့် အနောက်မီဒီယာများမှ မကြာမီက ထုတ်ပြန်သော သတင်းအရ ယခုအကြိမ် အမေရိကန် အစိုးရ၏ စီးပွားရေးမူဝါဒများ မရေမရာ ဖြစ်နေသဖြင့် ဂျာမနီသည် အမေရိကန်မှာ သိုလှောင်ထားသည့် ရွှေတန်ချိန် ၁၂ဝဝကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေသည်ဟု သိရပါသည်။ ကျွမ်းကျင်ပညာရှင်များက အကယ်၍ ဂျာမနီက အမေရိကန်မှ ရွှေ သိုလှောင်မှုကို ရုပ်သိမ်းပါက Federal Reserve ၏ လုံခြုံမှုနှင့် ယုံကြည်အားကိုးရမှုသည် မယုံသင်္ကာများ ခံယူရမည် ဖြစ်ပြီး နောက်ဆက်တွဲ တုံ့ပြန်မှုများလည်း ကြုံတွေ့နိုင်မည် ဖြစ်ကာ ပထဝီ နိုင်ငံရေး ဆိုင်ရာ တင်းမာမှုများ ပြင်းထန်လာသည်နှင့်အမျှ ပိုမိုများပြားသောနိုင်ငံများကလည်း အမေရိကန်မှ ရွှေ သိုလှောင်မှုများကို ရုပ်သိမ်းသွားနိုင်မည် ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။


news-view-count-icon

16