တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ် (CCG) ၏ ရေယာဉ်စုတစ်စုက တရုတ်နိုင်ငံပိုင် တျောက်ယွီသောင်၏ ရေပိုင်နက်အတွင်း ဧပြီ ၇ ရက်၌ ကင်းလှည့်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရန် ထိုကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။



