back

ဩစတြေးလျဝန်ကြီးချုပ်က ဆိုလာဘက္ထရီများဝယ်ယူနိုင်ရန် ဒေါ်လာ ၂ဒဿမ၃ဘီလီလျံထောက်ပံ့မည်

Apr 07 • 2:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဩစတြေးလျဝန်ကြီးချုပ်က ဆိုလာဘက္ထရီများဝယ်ယူနိုင်ရန် ဒေါ်လာ ၂ဒဿမ၃ဘီလီလျံထောက်ပံ့မည်

နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ရန် ဘက္ထရီများ ဝယ်ယူ‌ရေးနှင့် ၎င်းတို့၏ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် အိမ်ပိုင်ရှင် နိုင်ငံသားများကို သြစတြေးလျဒေါ်လာ ...

နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ရန် ဘက္ထရီများ ဝယ်ယူ‌ရေးနှင့် ၎င်းတို့၏ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် အိမ်ပိုင်ရှင် နိုင်ငံသားများကို သြစတြေးလျဒေါ်လာ ၂ ဒဿမ ၃ ဘီလျံ ကူညီပေးသွားမည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က တနင်္ဂနွေနေ့တွင် ကတိပြုလိုက်သည်။ သဘောထားစစ်တမ်းများအရ အယ်လ်ဘာနီးစ်၏ ဗဟိုလက်ဝဲယိမ်း လေဘာပါတီသည် ပီတာ ဒပ်တွန်ဦးဆောင်သည့် အတိုက်အခံ လစ်ဘရယ်နေရှင်နယ် နှင့် သူတင်ကိုယ်တင်အနေအထား ဖြစ်နေသည်။ ဒပ်တွန်သည် ဓါတ်ငွေ့တင်ပို့မှု အချို့ကို ပြည်တွင်းစားသုံးသူများအတွက် လမ်းကြောင်းပြောင်းထောက်ပံ့ရန် သဘာဝဓါတ်ငွေ့ရည် ထုတ်လုပ်သူများကို တွန်းအားပေးသည့် ဓါတ်အားခလျှော့ချရေးအစီအစဉ်ဖြင့် မဲဆွယ်သည်။    


news-view-count-icon

12