back

OPEC+ သည် ရေနံစိမ်း ထုတ်လုပ်တင်ပို့မှု လျှော့ချမည့် အစီအစဉ်ကို တိုးမြှင့်ထုတ်လုပ်မည့် အစီအစဉ်ဖြင့် အစားထိုး

Apr 07 • 2:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

OPEC+ သည် ရေနံစိမ်း ထုတ်လုပ်တင်ပို့မှု လျှော့ချမည့် အစီအစဉ်ကို တိုးမြှင့်ထုတ်လုပ်မည့် အစီအစဉ်ဖြင့် အစားထိုး

OPEC+ သည် ရေနံစိမ်း ထုတ်လုပ်တင်ပို့မှု လျှော့ချမည့် အစီအစဉ်ကို တိုးမြှင့်ထုတ်လုပ်မည့် အစီအစဉ်ဖြင့် အစားထိုးပြီး ဂငယ်ကွေ့ ကွေ့လိုက်သဖြင့် အံ့အားသင့်ကြရပြီးနောက် ...

OPEC+ သည် ရေနံစိမ်း ထုတ်လုပ်တင်ပို့မှု လျှော့ချမည့် အစီအစဉ်ကို တိုးမြှင့်ထုတ်လုပ်မည့် အစီအစဉ်ဖြင့် အစားထိုးပြီး ဂငယ်ကွေ့ ကွေ့လိုက်သဖြင့် အံ့အားသင့်ကြရပြီးနောက် ရေနံစိမ်း ကမ္ဘာ့အများဆုံး ထုတ်လုပ်တင်ပို့သည့် ဆော်ဒီအာရေဗျသည် တနင်္ဂနွေနေ့ (ဧပြီ ၆ ရက်)တွင် အာရှအတွက် မေလတွင် သင်္ဘောတင်မည့် ရေနံစိမ်း အမျိုးမျိုးတို့ အားလုံး၏ ဈေးနှုန်းများကို တစည်လျှင် US$2.30 တပြေးညီ လျှော့ချသတ်မှတ်သဖြင့် ထပ်မံအံ့အားသင့်ကြရပြန်သည်။ ပြီးခဲ့သည့် ၄ လတာတွင် အနိမ့်ဆုံး ဈေးနှုန်းများ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျမှ နိုင်ငံပိုင် ရေနံကုမ္ပဏီ Saudi Aramcoသည် တရားဝင် ရောင်းဈေးနှုန်း official selling price (OSP)များတွင် အထင်ကရ ရေနံစိမ်း Arab Light တစည်ဈေးနှုန်းကို အိုမန်/ဒူဘိုင်း ပျမ်းမျှ ပေါက်ဈေးအထက် $1.20 ဟု သတ်မှတ်သည်။ 

Aramco က ဈေးလျှော့ချသည်မှာ ၂ လ ဆက်တိုက် ရှိပြီ ဖြစ်သည်။ 


news-view-count-icon

12