အရှေ့တောင်အာရှ အကြီးစားကားဈေးကွက် ၆ ခု ဖြစ်သည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့တွင် Hyundai နှင့် Kia တို့သည် ၂၀၂၄ ခုနှသ်တွင် ကား ၁၆၀,၅၁၅ စီး ရောင်းချခဲ့ရာ ၆၃% ရှိသည့် ၁၀၁,၇၃၈ စီးကို ဗီယက်နမ်တွင် ရောင်းချခဲ့သည်။ ဗီယက်နမ်သည် တောင်ကိုးရီးယား မော်တော်ကားအမှတ်တံဆိပ်များက ဂျပန်နှင့် ပြည်တွင်းအမှတ်တံဆိပ်များကို အောင်မြင်စွာ ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသောစျေးကွက်ဖြစ်ပြီး အခြားနေရာများတွင် ၎င်းတို့၏စျေးကွက်ဝေစုမှာ အနည်းငယ်သာရှိကြောင်း နိုင်ငံတကာ စျေးကွက်သုတေသန ကုမ္ပဏီ PwC မှ ပြောကြားသည်။ ၎င်းဈေးကွက် ၆ ခုတွင် လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားမှာ Hyundai သည် ဆဌမ နေရာမှာ ရှိနေပြီး ဈေးကွက်ဝေစု ၂.၅% ရရှိသည်။ Kia သည် ထိပ်တန်း(၁၅) စာရင်းတွင် မပါဝင်ချေ။



