BYD ၏ ကုမ္ပဏီပိုင် ကားသင်္ဘော BYD CHANGZHOU သည် ဧပြီလ ၅ ရက်တွင် တူရကီ အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်း Safiport သို့ ဆိုက်ရောက်သည်။ ကား အစီး ၇,၀၀၀ တင်ဆောင်လာသည်။BYD CHANGZHOU သည် တရုတ်နိုင်ငံ နင်းဘိုဆိပ်ကမ်းမှ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထွက်ခွာခဲ့ပြီး ၃၉ ရက်အကြာတွင် Safiport သို့ ဆိုက်ရောက်လာခဲ့သည်။BYD သည် တူရကီ ဈေးကွက်တွင် မော်ဒယ် ၇ မျိုး DOLPHIN, ATTO 3, SEAL U DM-i, SEAL U EV, HAN, SEAL AWD, TANG တို့ကို ရောင်းချလျက်ရှိသည်။လာမည့် တတိယ၃လပတ်တွင် SEALION 7 မော်ဒယ်ကို စတင်ရောင်းချရန် စီစဉ်ထားသည်။



