ဧပြီ ၅ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်၊ နောင်ခေးခရိုင်ခွဲ အဝေးပြေးလမ်းပေါ်တွင် ၆ ဘီးကားတစ်စီးမီးလောင်ခဲ့ရာ တင်ဆောင်လာသော ကြက်ကောင်ရေ ၅၀၀၀ စလုံး မီးကျွမ်းခဲ့ကြောင်း သိရသည်။ယာဉ်မောင်း မစ္စတာချိုင်ရတ်က ကန်ချနာဘူရီခရိုင်၊ လော့ဘူရီခရိုင် ကြက်ခြံမှ ကြက်များကို သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကာ ကားဘီးမှစတင်မီးလောင်စဉ် လမ်းဘေးချရပ်ပြီး အနီးအနားရှိသူများ ကို အကူအညီတောင်းကာ မီးသတ်ရန် ကြိုးစားသော်လည်း မီးလောင်မှုမှာ မြန်ဆန်လွန်းသဖြင့် သယ်ဆောင်လာသော ကြက်အားလုံး မီးထဲပါသွားသလို ကားတစ်စီးလုံးလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ယင်းမီးကို မီးသတ်တပ်ဖွဲ့ပင်လျှင် နာရီဝက်ကြာ ငြိမ်းသတ်ပြီးမှ မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်။



