လျှပ်စစ်ကားစစ်စစ် မော်ဒယ် ၁၅ခုခန့်တွင် Lexus အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ကားစစ်စစ်မော်ဒယ်များလည်း ပါဝင်သည်။ ၂၀၂၆တွင် အီးဗီစစ်စစ် အစီးရေ ၈ သိန်းအထိ ထုတ်လုပ်ရန် တိုယိုတာ မျှော်မှန်းထားသည်။ယခင်က အစီးရေ တသန်းခွဲ ရည်မှန်းထားသည်ကို ထက်ဝက်နီးပါး လျှော့ချလိုက်သည်။၂၀၃၀ တွင် အစီးရေ ၃ သန်းခွဲ ထုတ်လုပ်ရန်ကိုလည်း လျှော့ချဖွယ် ရှိသည်။တိုယိုတာတွင် တိုယိုတာကိုယ်တိုင် ဒီဇိုင်းထုတ်ထားသည့် အီးဗီမော်ဒယ် ၅ ခု ရှိပြီး ဂျပန်နှင့် တရုတ်တို့တွင်သာ ထုတ်လုပ်သည်။



