ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေး ကာလအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။အင်းလေးဒေသမှာ မြေငလျင်ဒဏ်ကြောင့် လူနေအိမ် ၂,၆၀၀ ခန့် ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိမှာ လက်သမားအပါအဝင် ချိန်းဘလောက်၊ အိမ်ဆောက်ပစ္စည်း၊ ဆိုလာမီးသီးနဲ့ ငွေကြေး လိုအပ်နေတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် အင်းလေးဒေသမှာရှိတဲ့ ဝါးတွေဟာလည်း ပျက်စီးတဲ့ အိမ်အရေအတွက် အားလုံးကို မလောက်ငှနိုင်တာကြောင့် ဝါးအလှူရှင်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။



