back

ဘုန်းကြီးကျောင်းများတွင် ဒုလ္လဘရဟန်းဝတ်သူ ယခင်ထက်နည်းပါးလာ

Apr 06 • 2:37 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘုန်းကြီးကျောင်းများတွင် ဒုလ္လဘရဟန်းဝတ်သူ ယခင်ထက်နည်းပါးလာ

သင်္ကြန်ကာလ ဒုလ္လဘရဟန်းဝတ်လိုသည့် လူငယ်များ ယခင်ထက် နည်းပါး ကြောင်း သိရသည်။လက်ရှိအခြေအနေများအရ လူငယ်များအ နေဖြင့် သင်္ကြန်ကာလအတွင်း ဒုလ္လဘရ ဟန်းဝတ်သူများ နည်းပါ...

သင်္ကြန်ကာလ ဒုလ္လဘရဟန်းဝတ်လိုသည့် လူငယ်များ ယခင်ထက် နည်းပါး ကြောင်း သိရသည်။လက်ရှိအခြေအနေများအရ လူငယ်များအ နေဖြင့် သင်္ကြန်ကာလအတွင်း ဒုလ္လဘရ ဟန်းဝတ်သူများ နည်းပါးလာပြီး အသက်(၁၈)နှစ်အောက် ကလေးများ သာ ဒုလ္လဘဝတ်ခြင်း များလာခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ သံဃာတစ်ပါးက မိန့်သည်။ ယခုလို ကန့်သတ်ချက်များ ရှိလာခဲ့ခြင်းကြောင့် ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတချို့တွင် အနီးပတ်ဝန်း ကျင်ရှိ သိသူများသာ ခေတ္တဒုလ္လဘ ဝတ်ခြင်းကို လက်ခံလာကြပြီး အဝေးမှ ဒုလ္လဘလာဝတ်သော လူငယ်များကို လက်မ ခံခြင်းများလည်း ရှိလာခဲ့ကြောင်း သိရသည်။



news-view-count-icon

13