ငလျင်နှင့်မီးဘေးဒဏ် တပြိုင်တည်းကြုံတွေ့ခဲ့ရသည့် စိန်ပန်းရပ်မှ မီးဘေးသင့် အိမ်ထောင်စု (၄၃၂)စုအတွက် ယာယီတဲများ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။ ငလျင်နှင့်မီးဘေးဒဏ် တပြိုင်တည်းကြုံတွေ့ခဲ့ရသည့်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်မှ မီးဘေးသင့်အိမ်ထောင်စု (၄၃၂)စု ယာယီနေထိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကတရုတ်နိုင်ငံကြက်ခြေနီအသင်းမှ ပံ့ပိုးကူညီသည့် ယာယီတဲများကို ဧပြီလ(၄)ရက်နေ့နှင့်ဧပြီလ(၅)ရက်နေ့များတွင် မဟာအောင်မြေအားကစားကွင်း၌ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



