အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာမည့် သူများအားလည်းကောင်း၊ မိမိအစီအစဉ် ကျွမ်းကျင်လုပ်သားအဖြစ်လည်းကောင်း၊ ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအားလည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထိုသို့ ခွင့်ပြုလျှက်ရှိရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လတွင် လုပ်သား ၃,၂၆၄ ဦးနှင့် ၁-၄-၂၀၂၅ ရက်နေ့တွင် ၅၉ ဦးတို့အား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။



