မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအုပ်စု၊ ပဒုမ္မာ ကျေးရွာ အနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်တော်ကျေးရွာဘက်မှ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီး ကျေးရွာဘက် သို့ ရဲနိုင်ဦး၊ အောင်ငွေမိုး၊ ထွန်းလှိင် နှင့် ရှိင်းကိုဇင် တို့ ၄ ဦး မော်တော်ဆိုင်ကယ် ၄ စီးဖြင့် သယ် ဆောင်လာသည့် ဆာလာအိတ် ၁၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ ဒသမ ၉ သိန်း ကနဦးဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများအား အဆင့်ဆင့်သယ်ဆောင် ဖြန့်ဖြူး ရောင်းချသူများကို ကျောက်ဆည်မြို့နယ်၊ ရွာငံမြိုနယ် ၊ညောင်တုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် တို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၈ ဒသမ၂၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



