ယမန်နေ့ဧပြီလ ၅ ရက်နေ့ ည ၉ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဧသုခ၊ ၄၁ လမ်းx ၉၁ လမ်းရှိ နေအိမ်ကို ဓားပြတိုက် အနုကြမ်းစီးရန် လူအုပ်စုက ဝင်ရောက်လာကြောင်း၊ အိမ်ရှင်များက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသဖြင့် ဓားပြများ ထွက်ပြေးသွားရာ ပြည်သူများက ၀ိုင်းဝန်း လိုက်ကြရာတွင် အနုကြမ်းစီး ဓားပြတိုက်ရန် ကြိုးစားသူများကို ဖမ်းမမိခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ မန္တလေးတွင် မိုးကြီးလေကြီးကျရောက်သဖြင့် နောက်ဆက်တွဲ ငလျင်ကြောက်၍ တဲများဖြင့် နေထိုင်သော ပြည်သူများမှာ အတိဒုက္ခရောက်ရကြောင်း သိရှိရသည်။



