ငလျင်ဒဏ်သင့် ပြည်သူများထံသို့ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်မျိုးမဟုတ်ဘဲ ကုန်ခြောက်များကိုသာ လှူဒါန်းရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားသည်။အလှူရှင်များ အနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အ စားအသောက်များ လှူဒါန်းခြင်းမျိုးမပြုဘဲ စခန်းများတွင် နေထိုင်သူများ ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆက်သော အသား၊ ငါး စသည်တိုကို ပေးပို့လှူဒါန်းရန် တိုက်တွန်းထားသည်။



