ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ ( ၂၂ ) အသင်း၏အသင်းခေါင်းဆောင် အာကာကျော်သည် မြန်မာလိဂ်ဝမ်းထိပ်သီးကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အပြောင်းအရွှေ့နီးစပ်နေတယ်လို့ သိရပါသည်။MNL League Cup ပြိုင်ပွဲနှင့် အမှတ်ပေးဖလားပြိုင်ပွဲအတွက် အထူးပြင်ဆင်နေတဲ့ ရန်ကုန်အသင်းသည် မြန်မာယူ ( ၂၂ ) အသင်းမှ ကစားသမားများကို ခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်ထားနေပြီး နိုင်ငံခြားကစားသမားများကိုပါ ခေါ်ယူပြင်ဆင်နေတယ်လို့သတင်းရရှိထားပါတယ်။လတ်တလောခံစားနေရသော ငလျင်ဒဏ်ကြောင့်မြန်မာဘောလုံးပြိုင်ပွဲ အားလုံးကိုရပ်ဆိုင်းထားပြီး မေလအတွင်းမှသာ MNL League Cup ပြိုင်ပွဲကိုကျင်းပသွားဖွယ် ရှိနေပါတယ် ။



