back

ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်များတွင် လူဦးရေထောင်ဂဏန်းဝန်းကျင် ခိုလှုံနေ

Apr 06 • 1:12 PM

breaking-news

မြန်မာ

မန္တလေး

cover

ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်များတွင် လူဦးရေထောင်ဂဏန်းဝန်းကျင် ခိုလှုံနေ

မန္တလေးမြို့၊ ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်တွေမှာ ငလျင်ဘေးသင့်ဒေသခံ ထောင်ဂဏန်းဝန်းကျင်ခိုလှုံနေတယ်လို သိရပါတယ်။အဲဒီခိုလှုံနေသူတွေဟာ မူလက ကျုံးဘေးပလက်ဖောင်းတွေမှ...

မန္တလေးမြို့၊ ကျုံးမြောက်ဘက်ရှိ သုဓမ္မာဇရပ်တွေမှာ ငလျင်ဘေးသင့်ဒေသခံ ထောင်ဂဏန်းဝန်းကျင်ခိုလှုံနေတယ်လို သိရပါတယ်။အဲဒီခိုလှုံနေသူတွေဟာ မူလက ကျုံးဘေးပလက်ဖောင်းတွေမှာယာယီခိုလှုံနေကြသူတွေဖြစ်ပြီး ရာသီဥတု အခြေအနေကြောင့် ဧပြီ၅ရက် ညနေပိုင်းကစလို့ သုဓမ္မာဇရပ်တွေမှာ ပြောင်းရွှေ့ခိုလှုံနေကြတာပါ။လက်ရှိမှာတော့ သုဓမ္မာဇရပ်တွေမှာ ရပ်ကွက်၅ခုလောက်က လူဦးရေထောင်ဂဏန်းဝန်းကျင် ယာယီနေထိုင်ခိုလှုံနေကြတာကို တွေ့ရပါတယ်။အဲဒီသုဓမ္မာဇရပ်မှာခိုလှုံနေကြသူတွေကို အလှူရှင်တွေက ရေ၊ စားစရာနဲ့ နေရာထိုင်ခင်းတွေ လာရောက်လှူဒါန်း ပေးနေသလို ကျန်းမာရေးဝန်ကြီးဌာနကလည်း ယာယီဆေးခန်းတွေ ဖွင့်လှစ်ပေးထားတာကို တွေ့ရပါတယ်။


news-view-count-icon

17