back

ငလျင်ဒဏ်ခံနေရသည့် ပလိပ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နေထိုင်စရာအခက်အခဲများကြုံနေရ

Apr 06 • 1:10 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ်ခံနေရသည့် ပလိပ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နေထိုင်စရာအခက်အခဲများကြုံနေရ

စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၃၀ နီးပါးပြိုကျပျက်စီးခဲ့ပြီး၊ ယမန်နေ့က မိုးရွားသွန်း...

စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံး ၃၀ နီးပါးပြိုကျပျက်စီးခဲ့ပြီး၊ ယမန်နေ့က မိုးရွားသွန်းမှုကြောင့် ယာယီတဲများပျက်စီးကာ နေထိုင်ရန်အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်အကြာ၊ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းခဲပြီး သံဃာတော်များနှင့် ဒေသခံများ နေထိုင်စရာအခက်အခဲများရှိနေကြောင်း သိရသည်။ဧပြီလ ၅ ရက်နေ့အထိ ရရှိသည့်စာရင်းများအရ အဆောက်အဦးပေါင်း ၅,၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁,၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂,၇၅၂ ကျောင်း၊ ဘုရားစေတီပေါင်း ၄,၈၁၇ ခု၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခု၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


news-view-count-icon

15