ငလျင်ကြောင့် နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာ ၁,၅၀၀ ကျော်ရှိသည့်အနက် ၁၁၆ လုံး ပြိုကျ ပျက်စီးပြီး ၅၀၇ လုံးမှာ ပြိုကျခြင်းမရှိသော်လည်း ကြီးမားစွာပျက်စီးခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုတင်ပြခဲ့သည့်စာအရ သိရသည်။လက်ရှိတွင် ဝန်ထမ်းအိမ်ရာ ၆၂၃ လုံး အသစ်ပြန်လည်တည်ဆောက်ရမည့်အခြေအနေဖြစ်ပြီး ၄၂၇ လုံး မှာ အကြီးစားပြုပြင်ပေးပါက ပြန်လည်နေထိုင်နိုင်မည့်အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများအတွက် တဦးလျှင် ကျပ် ၁၀ သိန်းစီထောက်ပံ့မည်ဖြစ်ပြီး အဆောက် အအုံများထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီးလည်း ပျက်စီးမှုအပေါ်မူတည်၍ ထောက်ပံ့သွားမည်ဟု ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။



