ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဉီးမှာ ရှာဖွေကယ်ဆယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ နေ့ဆိုင်း၊ ညဆိုင်းတွေခွဲပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် လျက်နေတယ်လို့သိရပါတယ်။Sky Villa အဆောက်အဉီး ပြိုကျခဲ့တဲ့ ပထမရက်ပိုင်းတွေမှာတော့ ရှာဖွေကယ်ဆယ်ဆယ်ရေး လုပ်ငန်းတွေကို နေ့၊ ည အဆိုင်းမခွဲပဲ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။Sky Villa အဆောက်အဦး ပြိုကျပျက်စီးမှုမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။



