ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဧပြီလ ၆ ရက် ယနေ့နံနက် ၁၁ နာရီကျော်ခန့်က အိမ်ရှင်များမရှိခိုက် မီးလောင်ကျွမ်းခဲ့သဖြင့် နေအိမ် ၃ လုံး ပျက်စီးပြီး ကျပ်သိန်း ရာဂဏန်းကျော်ဆုံးရူံးခဲ့ကြောင်း ဒေသခံတဦးထံက သိရသည်။အဆိုပါ မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။မီးလောင်မှုတွင် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိဟု သိရသည်။



