မန္တလေးမြို့၌မိုးသည်းထန်စွာရွာသွန်းပြီးနောက် ငလျင်ဒဏ်သင့်ဂရတ်ဝေါဟိုတယ်အဆောက်အဦမှာ ယနေ့(ဧပြီ ၆ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင်ပြိုကျသွားခဲ့ကြောင်း ပရဟိတအဖွဲ့တစ်ဖွဲ့ထံမှသိရသည်။အဆိုပါဂရိတ်ဝေါဟိုတယ်မှာရှစ်ထပ်ရှိပြီး မြေညီထပ်နှင့်ပထမထပ်မှာငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျကာ နှစ်လွှာမှရှစ်လွှာအထိကျန်ရှိပြီး သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များက ယင်းဟိုတယ်ကို အန္တရာယ်ရှိအဆောက်အဦးအဖြစ်သတ်မှတ်ထားသည်။ယင်းသို့ရှာဖွေမှုများလုပ်ဆောင်းပြီးနောက် ဟိုတယ်အုပ်ချုပ်ရေးဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းများကို ကန့်သတ်မှုများရှိလာသောကြောင့် ဟိုတယ်တွင်ပိတ်မိသူများ၏မိသားစုဝင်များက ဟိုတယ်ရှေ့လမ်း ဘေးတွင် လက်အုပ်ချီတောင်းပန်၍ ရှာဖွေမှုများဆက်လက်လုပ်ဆောင်ပေးရန် တောင်းဆိုသည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဂရိတ်ဝေါဟိုတယ်၌ ရှာဖွေရေးလုပ်ငန်းများပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။



