သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ ပုဂံဒေသသို့ ခရီးသွားရန်စီစဉ်ထားသူများမှာ ပြင်းထန်သောငလျင်ကြောင့် ခရီးသွားရန် အစီအစဉ်ကိုပယ်ဖျက်လာသလို တချို့ကလည်း ပုဂံအစား တခြားရန်ကုန်အနီးတစ်၀ိုက်နေရာများကိုသာ ရွေးချယ်လာကြကြောင်း သိရပါတယ်။ပုဂံ ဒေသခံများမှာ စားဝတ်နေရေးအတွက် ခရီးသွားလုပ်ငန်းကို အမှီပြုထားရသည်ဖြစ်ရာ ဒေသတွင်း ခရီးသွားဝင်ရောက်မှုနည်းခြင်းက ဒေသခံများ၏ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ဧရိယာအားဖြင့် စတုရန်း ၁၄,၂၉၅ မိုင် ကျယ်ဝန်းပြီး ပုဂံယဉ်ကျေးမှုဒေသတွင် ဘုရား ၊ စေတီ ၊ ဂူ ၃,၈၂၂ ဆူနှင့် တန့်ကြည်တောင် ဧရိယာ၌ ၁၅ ဆူဖြင့် စုစုပေါင်း ၃၈၃၇ ဆူ တည်ရှိ၍ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်များ စုဝေးရာပုဂံဒေသသို့ ယခုရုံးပိတ်ရက်ရှည်ကာလ၌ ပြည်တွင်း ၊ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ဒေသခံများမှ ခန့်မှန်းထားကြောင်း သိရပါတယ်။



