မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ ၊ စုကြီးရပ်ကွက်ပြီး ၊ ရွှေသာလျောင်းတောင်ပေါ် က ကျောက်သေတ္တာအမည်ရှိတဲ့ ကျောက်တုံးပြိုကျမယ့်အခြေအနေတွေဖြစ်ပေါ်ခဲ့လို့ တောင်ခြေအနီးတစ်ဝိုက်နေထိုင်သူတွေရွှေ့ပြောင်းခဲ့ရပါတယ်။မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်နဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာအမည်ရှိတဲ့ ကျောက်တုံးပြိုကျမယ့်အခြေအနေတွေဖြစ်ပေါ်ခဲ့ရာအဲဒီကျောက်တုံးကြီးနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဘူမိဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့ကို အခုရက်အတွင်းမှာ စေလွှတ်လေ့လာစေမှာဖြစ်ပါတယ်လို့ " အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ၊ရွှေသာလျောင်းတောင်ပေါ်က ကျောက်တုံးပြိုကျမယ့်အခြေအနေကြောင့် တောင်ခြေအနီးတစ်ဝိုက်နေထိုင်သူတွေ ပြောင်းရွှေ့ခဲ့ရ
Apr 06 • 7:25 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


