ပြီးခဲ့သည့်သီတင်းပတ်က အားပြင်းငလျင်လှုပ်ခဲ့သော မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားရေးအကူအညီအနေဖြင့် ဖင်လန်နိုင်ငံက ယူရိုငွေ၁,၀၀၀,၀၀၀လှူဒါန်းကြောင်း သိရသည်။အဆိုပါ လှူဒါန်းငွေအား နိုင်ငံတကာကြက်ခြေနီအသင်းနှင့်လခြမ်းနီအသင်း(IFRC) ထံ ဖင်လန်ကြက်ခြေနီအသင်းမှတဆင့် ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်တွင်းနေရပ်စွန့်ခွာနေရသူများ၊အမျိုးသမီးများနှင့်မိန်းကလေးများ၊ မသန်စွမ်းသူများအား ကူညီပေးသွားမည်ဖြစ်ကြောင်း ဖင်လန်အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
| 13 | 0 | 0 | 0 |


