back

နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်းဖြစ်နိုင်ခြေတို့ကိုသိသိသာသာလျှော့ချနိုင်မည့် ဆေးပေါင်းစပ်မှု

Apr 06 • 7:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်းဖြစ်နိုင်ခြေတို့ကိုသိသိသာသာလျှော့ချနိုင်မည့် ဆေးပေါင်းစပ်မှု

အမေရိကန်မှာ နှစ်စဉ် လူပေါင်း ၅ သောင်းနီးပါးရဲ့အသက်ကို ကိုလက်စ်ထရောလ်ကျစေတဲ့ ပေါင်းစပ်ဆေးများဖြင့် ကယ်တင်နိုင်လိမ့်မယ်လို့ သုတေသနအသစ်မှာ ခန့်မှန်းဖော်ပြထားပါတယ်...

အမေရိကန်မှာ နှစ်စဉ် လူပေါင်း ၅ သောင်းနီးပါးရဲ့အသက်ကို ကိုလက်စ်ထရောလ်ကျစေတဲ့ ပေါင်းစပ်ဆေးများဖြင့် ကယ်တင်နိုင်လိမ့်မယ်လို့ သုတေသနအသစ်မှာ ခန့်မှန်းဖော်ပြထားပါတယ်။ကိုလက်စ်ထရောလ်ချပေးတဲ့ Statinsဆေးတွေနဲ့ Ezetimibeဆေးတို့ကို ပေါင်းစပ်ပေးတဲ့အခါ စောစီးစွာ သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း၊ နှလုံးသွေးကြောဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း၊ လေဖြတ်ခြင်းဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း အသီးသီး လျော့နည်းစေတယ်လို့ ဘာနက်ချ်က အကြံပြုထားပါတယ်။ ယင်းတို့အဖွဲ့က သွေးကြောကျဉ်းလူနာ ၁၀၈,၀၀၀ ကျော်အပါအဝင် လေ့လာချက် ၁၄ ခုကို ဆန်းစစ်ပြီးနောက် ယခုလို ဆေး ၂ မျိုးပေါင်းစပ်ခြင်းဟာ ရောဂါအန္တရာယ်များတဲ့သူတွေအတွက် ရွှေစံနှုန်းဖြစ်သင့်တယ်လို့ သုတေသနပြုစုသူ ပီတာတော့သ်က ပြောပါတယ်။

news-view-count-icon

16