ထိုင်းနိုင်ငံ၊ Saraburi ခရိုင် Phahonyothin လမ်းတွင် ဧပြီလ ၅ ရက်နေ့ နံနက်အစောပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (၆)ဘီးထရပ်ကားဖြင့် ဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် ပြေးဆွဲနေသည့် ဘတ်စ်ကားတစ်စီး၊ ၂၂ ဘီး နောက်တွဲယာဉ်နှင့် စာတိုက်ဝန်ဆောင်ရေး ကုန်တင်ယာဉ်တို့လည်း ပါဝင်သည်။ အမျိုးသမီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မော်တော်ယဉ်ကြီးများ၏ ယာဉ်မောင်းများကို မောင်းဆာဘူရီ ရဲစခန်းတွင် စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။



