အဖွဲ့ဝင်ကိုးဦးပါ ကနေဒါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပြိုကျနေသော ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံသို့ စနေနေ့၊ ဧပြီလ ၅ ရက် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပြီး လူပေါင်း ခုနစ်ဆယ်ကျော် ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် ထိုင်းအဖွဲ့အား ကူညီရန် ရောက်ရှိလာခဲ့သည်။ အဖွဲ့သည် ၎င်းတို့နှင့်အတူ လေ့ကျင့်ပေးထားသော ခွေးများပါယူဆောင်လာခဲ့သည်။ အဖွဲဝင် ၂၂ ဦးပါ အစ္စရေးအသင်းနှင့် အခြားနိုင်ငံခြားအဖွဲ့အချို့ ထွက်ခွာသွားချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။



