စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း ငလျင်ကြောင့်ပြိုကျမှာ အဆောက်အဦးပိလို့ သေဆုံးခဲ့တဲ့ မူကြိုကလေးတွေရဲ့ ရုပ်အလောင်း သုံးခုကို ရှာဖွေတွေ့ရှိခဲ့လို့ ထုတ်ယူပြီး မိဘတွေရဲ့ခွင့်ပြုချက်ယူကာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။ရုပ်အလောင်း ၆ ခုရှိတဲ့အထဲက မူကြိုကျောင်းသူ/သား သုံးယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအလယ်တန်းကျောင်းပြိုကျမှုကြောင့် ကလေး ၆ ယောက်၊ လူကြီး ၇ ယောက် စုစုပေါင်း ၁၃ ယောက်သေဆုံးခဲ့ကာ ၃ ဦး က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။



