ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ပဒေသာပင်အိမ်ရာဝန်း (FMI) အတွင်းက ခွေးသတ်ခဲ့တဲ့ လူ ၄ ဦးကို ယနေ့ဧပြီလ၅ရက်နေ့မှာ လှိုင်သာယာရဲစခန်းကိုပို့ဆောင်ထားပြီး ကျန်ရှိနေသူ တစ်ဦးကိုတော့လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။အမျိုးသမီး ၂ ဦး ခွေးကိုရိုက် သတ်ပြီးခုတ်ထစ်နေတာကို ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံခြားသားအမျိုးသမီး တစ်ဦးက သွားရောက်တားဆီးရာမှ ခွေးကိုသတ်စားဖို့အတွက် လုပ်နေကြတာကို မြင်တွေ့ခဲ့ကြပါတယ်။အမျိုးသမီးတစ်ဦးက ခွေးလေးကို ဟောင်တယ်ကိုက်တယ်ဟုဆိုပြီးတော့ အိမ်ဝန်းထဲခေါ်ကာ ရိုက်သတ်ခိုင်း လိုက်တာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ ခွေးသတ်ခဲ့တဲ့ လူ ၄ ဦးကို လှိုင်သာယာရဲစခန်းကိုပို့ဆောင် ထားပြီး တစ်ဦးကိုတော့လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။



