back

ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လက်ခံရန် မြန်မာ အတည်ပြုဟု ဘင်္ဂလားဒေ့ရှ်အစိုးရပြော

Apr 05 • 11:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရိုဟင်ဂျာ ၁၈၀,၀၀၀ ကို ပြန်လက်ခံရန် မြန်မာ အတည်ပြုဟု ဘင်္ဂလားဒေ့ရှ်အစိုးရပြော

မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို ရောက်ရှိနေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမည်ဟု အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောသည်။ရိုဟင်ဂျာ...

မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို ရောက်ရှိနေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမည်ဟု အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောသည်။ရိုဟင်ဂျာလူမျိုး တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် ကျပ်ညပ်စွာ နေထိုင်နေကြရပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုအဖြစ် ရှိနေသည်။ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကြေညာချက်သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု Aljazeera သတင်းတွင် ဖော်ပြသည်။



news-view-count-icon

14