back

OWIC ကတ်အတွက် ဆွေးနွေးအကြံပေးရေးစင်တာကိုတစ်လကြာဖွင့်လှစ်မည်

Apr 05 • 11:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

OWIC ကတ်အတွက် ဆွေးနွေးအကြံပေးရေးစင်တာကိုတစ်လကြာဖွင့်လှစ်မည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ (MJC) တို့နှင့် ပူးပေါင်း၍ ဂျပန်ကုမ္ပဏီများတွင...

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ (MJC) တို့နှင့် ပူးပေါင်း၍ ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန်စီစဉ်ထားပြီး Overseas Worker Identification Card (OWIC) ကတ်ထုတ်‌ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ထိုစင်တာကိုလဧပြီလ ၇ ရက် မှ ဇွန်လ ၆ ရက် အထိဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်္ကြန်ကာလများဖြစ်သည့် ဧပြီလ ၁၄ ရက် မှ ဧပြီလ ၂၁ ရက် အထိ ကာလအတွင်းတွင် စင်တာကိုပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

13